
Feature is Coming Soon ...
-----------------------------------------------
- ကလေးငယ်များ ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းကြောင့် အရွယ်ရောက်ချိန်တွင် အဝလွန်ခြင်းနှင့် ဆီးချိုရောဂါကဲ့သို့ ပြဿနာများ ကြုံတွေ့နိုင်သည့် အန္တရာယ်ရှိသည်။
-လေ့လာမှုတစ်ရပ်အရ ကလေးငယ်များ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်နိုင်ပြီး သင်ယူနိုင်မှုအားပိုကောင်းကြောင်း သိရသည်။ လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် နုပျိုသော ဦးနှောက်က လိုအပ်နေသော အင်အားမျိုးကို ဖြစ်စေကြောင်း ယင်းလေ့လာမှုက ဖော်ပြသည်။
- လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ဦးနှောက်အတွင်း မှတ်ဉာဏ်နှင့် စဉ်းစားတွေးတောမှုဆိုင်ရာ လုပ်ဆောင်ချက်များနှင့် ဆက်စပ်သည့် အစိတ်အပိုင်းများ၌ ဦးနှောက်ထုထည် ပိုကြီးမားစေနိုင်သောကြောင့် ကိုယ်လက်လှုပ်ရှားမှုရှိသည့် ကလေးများသည် စာသင်ချိန်နှင့် စာမေးပွဲများတွင် ရလဒ်ပိုကောင်းကြောင်း သုတေသီများက ပြောသည်။
- ကိုယ်လက်လှုပ်ရှားမှုရှိသော ကလေးများသည် အာရုံစူးစိုက်မှုပို အားကောင်းပြီး အာရုံစူးစိုက်နိုင်ချိန် ပိုကြာမြင့်ကြောင်း သိရသည်။
- ယင်းအခြေအနေသည် အထူးပြုစုစောင့်ရှောက်ရန် လိုအပ် သည့် ကလေးငယ်များအတွက်လည်း မှန်ကန်ပြီး ကိုယ်လက်လှုပ်ရှားခြင်းက စိတ်နှင့်ကိုယ်ကျန်းမာရေးကို အထောက်အကူပြုစေ သည်။
- ကလေးများသည် အပတ်စဉ် အနည်းဆုံးငါးရက် လေ့ကျင့်ခန်းလုပ်သင့်ပြီး မိနစ် ၆၀ ကိုယ်လက်လှုပ်ရှားရန်လိုကြောင်း အမေရိကန်ပညာရှင်များက လမ်းညွှန်ထားသည်။ သို့သော် ကျောင်းတက်ရခြင်း၊ အိမ်စာလုပ်ရခြင်းတို့ကြောင့် ယင်းလမ်းညွှန်ချက်နှင့် ကိုက်ညီရန် ခက်ခဲနိုင်သည်။
- ကလေးများနှင့်အတူ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးခြင်း၊ ရေကူးခြင်းနှင့် အခြားသောလေ့ကျင့်ခန်းများ ပြုလုပ်ပေးသင့်သည်။ ကလေးများသည် ကျန်းမာရေးနှင့်ညီသော နေထိုင်မှုပုံစံများကို သဘောကျနှစ်သက်စေရေး မိဘများက လမ်းညွှန်ပေးသင့်သည်။